www.myanmarlibraryassociation.org © 2022

Welcome to Myanmar Library Association

ကျောင်းစာကြည့်တိုက်၏တာဝန်နှင့်ရည်ရွယ်ချက်များ

November 14, 2022 | Admin | 0

မာတိကာ

 

၁။စကားချီး

၂။အကြောင်းအရာအကျဉ်းချုပ်

၃။အကြံပြုချက်များ

၄။မိတ်ဆက်စကား

အခန်း (၁)

ကျောင်းစာကြည့်တိုက်၏တာဝန်နှင့်ရည်ရွယ်ချက်များ

၁-၁နိဒါန်း

၁-၂ဆက်စပ်သောအကြောင်းအရာများ

၁-၃ကျောင်းစာကြည့်တိုက်၏အဓိပ္ပါယ်

၁-၄ကျောင်းတွင်း၌ ကျောင်းစာကြည့်တိုက်၏အခန်းကဏ္ဍ

၁-၅ထိရောက်သောကျောင်းစာကြည့်တိုက်လုပ်ငန်းအခြေအနေများ

၁-၆ကျောင်းစာကြည့်တိုက်တစ်ခု၏ရည်မှန်းချက်များ

၁-၇ကျောင်းစာကြည့်တိုက်တစ်ခု၏တာဝန်များ

၁-၈ကျောင်းစာကြည့်တိုက်လုပ်ငန်းဝန်ဆောင်မှုများ

၁-၉ကျောင်းစာကြည့်တိုက်လုပ်ငန်းနှင့်ဝန်ဆောင်မှုများကိုအကဲဖြတ်ခြင်း

အသုံးဝင်သောအရင်းအမြစ်များ

အခန်း(၂)

ကျောင်းစာကြည့်တိုက်ဥပဒေအရတရားဝင်ဖြစ်မှုနှင့်ငွေကြေးဆိုင်ရာမူဘောင်

၂-၁နိဒါန်း

၂-၂ဥပဒေဆိုင်ရာအခြေခံအချက်များနှင့်ပြဿနာများ

၂-၃ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံ အချက်များနှင့် ပြဿနာများ

၂-၄ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သော အခြေခံ အထောက်အပံ့များ

၂-၅ မူဝါဒများ

၂-၆ စီမံကိန်းရေးဆွဲခြင်း

၂-၇ ငွေကြေးထောက်ပံ့မှု

အသုံးဝင်သော အရင်းအမြစ်များ

အခန်း (၃)

ကျောင်းစာကြည့်တိုက်တစ်ခုအတွက်လိုအပ်သောလူသားအရင်းအမြစ်များ

၃-၁ နိဒါန်း

၃-၂ ဝန်ထမ်းအဖွဲ့ ခန့်ထားခြင်းနှင့် အကြောင်းအရင်းများ

၃-၃ ကျောင်းစာကြည့်တိုက်မှုး အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ချက်

၃-၄ ကျောင်းစာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ရန် လိုအပ်သော အရည်အသွေးများ

၃-၅ ကျွမ်းကျင်သော ကျောင်းစာကြည့်တိုက်မှုး၏ အခန်းကဏ္ဍ

၃-၅-၁ လမ်းညွှန်ဆောင်ရွက်ပေးခြင်း

၃-၅-၂ စီမံခန့်ခွဲခြင်း

၃-၅-၃ ခေါင်းဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

၃-၅-၄ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်မှု

၃-၅-၅ စာကြည့်တိုက်လုပ်ငန်းစဉ်များနှင့် ဝန်ဆောင်မှုများကို တိုးမြှင့်ပေးခြင်း

၃-၆ ကျွမ်းကျင်သူအားအထောက်အကူပြုသည့်ကျောင်းစာကြည့်တိုက်ဝန်ထမ်းအဖွဲ့ခွဲ၏အခန်းကဏ္ဍနှင့်

အရည်အချင်းများ

၃-၇ ကျောင်းစာကြည့်တိုက်တွင်စေတနာ့ဝန်ထမ်းလုပ်အားပေးဆောင်ရွက်သူတို့၏ အခန်းကဏ္ဍနှင့်အ

ရည်အချင်းများ

၃-၈ ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများ

 

အသုံးဝင်သောအရင်းအမြစ်များ

အခန်း (၄)

ကျောင်းစာကြည့်တိုက်တစ်ခု၏ရုပ်ပိုင်းနှင့်ဒစ်ဂျစ်တယ်ဆိုင်ရာအရင်းအမြစ်များ

၄-၁ နိဒါန်း

၄-၂ အထောက်အပံ့ ပစ္စည်းများ

၄-၂-၁ တည်နေရာနှင့် အကျယ်အဝန်း

၄-၂-၂ နေရာအကျယ်အဝန်း ဖွဲ့စည်းထားပုံ

၄-၂-၃ ရုပ်ပိုင်းနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ရရှိနိုင်မှုများ

၄-၃ရှာဖွေစုဆောင်းခြင်းနှင့် စီမံခန့်ခွဲခြင်း

၄-၃-၁ ရှာဖွေစုဆောင်းခြင်းအတွက် စီမံခန့်ခွဲခြင်းဆိုင်ရာ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ

၄-၃-၂ ဒစ်ဂျစ်တယ်အရင်းအမြစ်နှင့် ပက်သက်သော ပြဿနာများ

၄-၃-၃ ရှာဖွေစုဆောင်းခြင်းဆိုင်ရာ စံနှုန်းများ

၄-၃-၄ အရင်းအမြစ်များကို မျှဝေခြင်း

 

အသုံးဝင်သောအရင်းအမြစ်များ

အခန်း (၅)

ကျောင်းစာကြည့်တိုက်တစ်ခု၏လုပ်ငန်းစဉ်နှင့်လုပ်ဆောင်ချက်များ

၅-၁ နိဒါန်း

၅-၂ လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ချက်များ

၅-၃ စာတတ်မြောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး

၅-၄ စာနယ်ဇင်းနှင့်သတင်းဆိုင်ရာ လမ်းညွှန်ချက်

၅-၅ စူးစမ်းမှုကို အခြေခံသော သင်ယူမှု နမူနာများ

၅-၆ နည်းပညာပေါင်းစပ်ခြင်း

၅-၇ ဆရာ၊ဆရာမများ၏ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး

၅-၈ ကျောင်းစာကြည့်တိုက်မှုးတစ်ဦး၏ လမ်းညွှန်မှုဆိုင်ရာ အခန်းကဏ္ဍ

 

 

အသုံးဝင်သောအရင်းအမြစ်များ

အခန်း (၆)

ကျောင်းစာကြည့်တိုက်ကိုအကဲဖြတ်ခြင်းနှင့်လူထုနှင့်ဆက်ဆံရေး

၆-၁ နိဒါန်း

၆-၂ ကျောင်းစာကြည့်တိုက်အား အကဲဖြတ်ခြင်း အထောက်အထားကို အခြေခံသော ကျင့်စဉ်

၆-၃ ကျောင်းစာကြည့်တိုက်ကို အကဲဖြတ်ရန် ချဉ်းကပ်မှုများ

၆-၃-၁ လုပ်ငန်းစဉ်၏ အရည်အသွေး

၆-၃-၂ ပါဝင်ပတ်သက်သူများ၏ ခံယူချက်များ

၆-၃-၃ လုပ်ငန်းစဉ်၏ မာတိကာ

၆-၃-၄ လုပ်ငန်းစဉ်၏ အကျိုးသက်ရောက်မှု

၆-၃-၅ အထောက်အထားကို အခြေခံသော ကျင့်စဉ်

၆-၄ ကျောင်းစာကြည့်တိုက်ကို အကဲဖြတ်ခြင်း၏ အကျိုးသက်ရောက်မှုများ

၆-၅ ကျောင်းစာကြည့်တိုက်နှင့် လူထုဆက်ဆံရေး

၆-၅-၁ စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေးနှင့်အများပြည်သူကျယ်ပြန့်စွာသိရှိလာစေရေး

၆-၅-၂ အများသိအောင် ဆောင်ရွက်ခြင်း

အသုံးဝင်သောအရင်းအမြစ်များ

 

  • ဝေါဟာရများစာရင်း
  • စာစုစာရင်း
  • နောက်ဆက်တွဲ (က) IFLA/ UNESCO ကျောင်းစာကြည့်တိုက်ဆိုင်ရာကြေညာချက်

(ခ) ကျောင်းစာကြည့်တိုက်ရသုံးငွေစာရင်းစီမံခန့်ခွဲမှု

(ဂ)လေ့လာစူးစမ်းမှုကိုအခြေခံသောသင်ယူမှုအတွက်လမ်းညွှန်မှုနမူနာများ

(ဃ)ကျောင်းစာကြည့်တိုက်ကိုအကဲဖြတ်စစ်ဆေးရန်နမူနာအချက်အလက်များ

(င)ကျောင်းစာကြည့်တိုက်ကို အကဲဖြတ်စစ်ဆေးရမည့် ကျောင်းအုပ်ကြီးများ အတွက် နမူနာအချက်အလက်များ

ကျောင်းစာကြည့်တိုက်များအတွက်အပြည်ပြည်ဆိုင်ရာစာကြည့်တိုက်အသင်း၏လမ်းညွှန်ချက်များ

ရေးသူအပြည်ပြည်ဆိုင်ရာစာကြည့်တိုက်အသင်း(IFLA) ကျောင်းစာကြည့်တိုက်ရေးရာ ကော်မတီ

တည်းဖြတ် Barbara Schultz-Jones, Dianne Oberg

International Association of School Librarianship Executive Board မှပူးပေါင်းပါဝင်တည်းဖြတ်သည်။

ဒုတိယအကြိမ်ထုတ်ဝေသည်။

ဇွန်လ၂၀၁၅

IFLA Professional Committee မှထောက်ခံချက်။

 

၁။        စကားချီး

ဤလမ်းညွှန်ချက်များသည် အပြည်ပြည်ဆိုင်ရာ စာကြည့်တိုက်အသင်းနှင့် ယူနက်စ်ကို (IFLA/UNESCO)က ဒုတိယအကြိမ်ထုတ်ဝေသည့် ကျောင်းစာကြည့်တိုက်လမ်းညွှန်ချက်များ (IFLA Professional Reports 77) ကို အခြေခံပြီးထုတ်ဝေထားခြင်းဖြစ်ပါသည်။ ပထမအကြိမ် လမ်းညွှန်ချက်များကို၂၀၀၂ခုနှစ်တွင်ကျောင်းစာကြည့်တိုက်များနှင့်အရင်းအမြစ် ကဏ္ဍအဖြစ် ထုတ်ဝေခဲ့ပါသည်။ ဤစာအုပ်ကို ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ၊ စာကြည့်တိုက်များအား အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် အရည်အချင်း ပြည့်မီသောစာကြည့်တိုက်ပညာရှင်များက ရည်ရွယ်ပြုစု ဖြန့်ဝေခဲ့ကြခြင်းဖြစ်ပါသည်။ ဤလမ်းညွှန်ချက်မူကြမ်းများတွင် နိုင်ငံပေါင်းစုံမှလူအများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ IFLA ညီလာခံနှင့် နှစ်ပတ်လည်အစည်းအဝေးများမှ ဆွေနွေးချက်များ၊ စကားရည်လုပွဲများ၊ ညှိနှိုင်း ဆွေးနွေးချက်များ သာမက လက်ရှိရေးသားမှုများ၊ လူတွေ့မေးမြန်းချက်များ၊နှင့် Online ပါ်မှ မေးမြန်း ချက်များလည်းပါဝင်သည်။ ဤလမ်းညွှန်ချက်မူကြမ်း ဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့သော IFLA ရေးရာကော်မတီအဖွဲ့ဝင်များ၊ ISLA ၏စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ISL School Library အသိုင်းအဝန်းတို့၏ ကျွမ်းကျင်မှုနှင့် စေတနာပေါင်းစပ်၍ အားတက်သရော မျှဝေပေးခဲ့ကြသော အခြားအဖွဲ့ဝင်များကို အယ်ဒီတာအဖွဲ့က အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ IFLA Indigenous Matters SIG မှ သုံးသပ်အကြံပြုချက်များကိုလည်း ဤမူကြမ်းတွင် သင့်တင့်စွာ ပေါင်းစပ်ထည့်သွင်းထားပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

Nancy Achebe (Nigeria), Tracia Adams (UK, Information Coordinator/Web Editor), Lisa Astro’’m (Sweswn, Lesly Farmer (USA, Blog/Newsletter Editor), JrenGavigan (USA), REi Iwasaki(Japan), MiraeilleLmaouroux (France), Randi Lundvall (Norway), Danielle Martinod (France), Luisa Marquardt(Italy), Dianne Oberg(Canada, Secretary), Barbara Schultz-Jones (USA, Chair), Annike Selmer (Norway), Lourebse Das (Netherlands), PatenceKersha(Nigera), B.N.Singh(India), DiljitSingh(Malaysia),

IASL ၏ Officer နှင့် Director များဖြစ်သောLourdes T. David (Phillipines), BusiDiamini(South Africa), Nancy +Everhart(USA), ElizebathGreef (Australia, Vice-President), Madhu Bhargava (India), Kay Hones (USA, Vice-President), Geraldine Howel (New Zealand), Katy Mnck(USA,Treasurer), Luisa Marquardt(Italy), Dianne Oberg (Canada), Diljit Singh(Malaysia, President), Ingrid Skirrow (Austria), Paulette Stewart )Jamaica), and AyseYuksel-Durukan (Turkey)., Ingrid Bon (Netherlands), Ross Todd (USA), GLoroa Trinidad (Philippines).

 

Barbara Schultz-Jones, Chair

Dianne Oberg, Secretary

IFLA Section of School Libraries

June 2015

၂။        အကြောင်းအရာအကျဉ်းချုပ်

ကျောင်းစာကြည့်တိုက်ဆိုင်ရာကြေညာချက်

ကမ္ဘာပေါ်ရှိကျောင်းစာကြည့်တိုက်များသည် ဘုံအကြောင်းအရာတစ်ခုဖြစ်သော ကျောင်းစာကြည့် တိုက် မည်သည်အားလုံးအတွက် သင်ကြားခြင်းနှင့်လေ့လာခြင်းအတွက်ဖြစ်သည်ဟူသော အဓိပ္ပါယ် ဖွင့်ဆိုချက်ကို မျှဝေနေကြပါသည်။ ၁၉၉၉ IFLA/UNESCO ကျောင်းစာကြည့်တိုက်ဆိုင်ရာ ကြေညာ ချက်တွင် ဖော်ပြချက်အရ ကျောင်းစာကြည့်တိုက်အမှုထမ်းများသည် ၁၉၈၉ ကမ္ဘာ့ကုလသမဂ္ဂ သဘောတူညီချက်အရလည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတန်း ၂၀၀၇အရ လည်းကောင်း၊ IFLA အဓိကတန်ဖိုး သတ်မှတ်ချက်အရလည်းကောင်း၊ ကျောင်းစာကြည့် တိုက်မည်သည် အားလုံးအတွက် သင်ကြားခြင်းနှင့် လေ့လာခြင်း အတွက်ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြထားပါသည်။ ကျောင်းစာကြည့်တိုက်များသည် ကျောင်းသားကျောင်းသူများနှင့် ပညာရှင်များ အတွက် ကျောင်းပတ်ဝန်းကျင် ဆိုင်ရာသင်ကြားခြင်းနှင့် သင်ယူ လေ့လာခြင်းတို့အတွက် ဖြစ်ထွန်း တိုးတက်မှုကို ဖြစ်စေနိုင်သောအင်အားများ ဖြစ်သည်ဟုဖော်ပြပါရှိပါသည်။

 

ကျောင်းစာကြည့်တိုက်ဆိုင်ရာလမ်းညွှန်ချက်များ

ကျောင်းစာကြည့်တိုက်များအတွက် လမ်းညွှန်ချက်အားလုံးသည် လိုအပ်ချက်များကို အချိန်မီရရှိပြီး ပံ့ပိုးမှုများ ပေးနိုင်စေရန် ရည်ရွယ်ပါသည်။ ကျောင်းစာကြည့်တိုက်များတွင် ရှိကြသည့် တန်ဖိုးရှိသော အချက်အလက် များကို အသုံးပြုစေရေးအတွက် စာကြည့်တိုက် တာဝန်ရှိသူများက လှုံ့ဆော်ပေးရန် လိုအပ်ပါသည်။ ကျောင်းလူမှုအဝန်းအဝိုင်းတစ်ခုလုံး၏ ပညာရေးနှင့်ပက်သက်သော သင့်တော်သည့် လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန် ကြိုးစားအားထုတ်ကြရမည်ဖြစ်ပြီး ဆင်ခြင်ဉာဏ်ကြီးမားစွာဖြင့်လို အပ်သောသတင်းအချက်အလက်ကိုပံ့ပိုးပေးနိုင်ရန်အလွန်အရေးကြီးပါသည်။

 

ကျောင်းစာကြည့်တိုက်များ၏ရည်မှန်းချက်

ကျောင်းစာကြည့်တိုက်အားလုံး၏ရည်မှန်းချက်သည် ကျောင်းသူကျောင်းသား များအား လူမှုပတ်ဝန်း ကျင် အတွက် လိုအပ်နေသော နည်းပညာများကိုရှာဖွေတတ်သည့် လူငယ်များအဖြစ် ဖွံ့ဖြိုးတိုးတက် လာစေရန်ပင် ဖြစ်ပါသည်။ နည်းပညာ ရှာဖွေတတ်သောလူငယ်ကျောင်းသားများသည် ကိုယ်တိုင်ရှာ ဖွေလေ့လာသူများဖြစ်ပြီး အတွေးအခေါ်ပိုင်းဆိုင်ရာတွင်လည်း တက်ကြွစွာပါဝင်သူများ ဖြစ်ကြပါ သည်။ ၎င်းတို့သည် ပြဿနာများကို ယုံကြည်ချက်အပြည့်ဖြင့် ဖြေရှင်းနိုင်သော စွမ်းဆောင်ရည်များ ရှိကြပြီး သင့်တင့်လျှောက်ပတ်၍ အမှန်ပင်ယုံ ကြည်အားထားရသော သတင်းအချက်အလက်များကို မည်သည့်နေရာတွင်မည်သို့ရှာဖွေရမည်ကိုလည်း သိကြသူများဖြစ်ကြပါသည်။ ၎င်းတို့သည် စွမ်းရည် မြင့်နည်းပညာများကို အသုံးပြုနိုင်ကြပြီး သတင်းအချက် အလက်များကိုလည်း ရှာဖွေနိုင်သူများ ဖြစ်ကြပါသည်။ အဖြေများက တစ်ခုမကသောအခြေအနေသို့မဟုတ် တစ်ခုမျှမရှိသောအခါမျိုးတွင်ပင် ရှုပ်ထွေးခြင်းမရှိ သက်တောင့်သက်သာစွာနှင့် ကျော်ဖြတ်နိုင်စွမ်းရှိကြသူများ ဖြစ်ပါသည်။ သူတို့သည် လုပ်ငန်းခွင်တွင်အဆင့်မြင့်မြင့်စွမ်းဆောင်နိုင်ကြပြီး အဆင့်မီထုတ်ကုန်များကိုလည်း တီထွင်ဖန်တီး ထုတ်လုပ်နိုင်ကြပါသည်။ နည်းပညာရှာဖွေတတ်သောကျောင်းသားများသည် အများနှင့်လိုက်လျှော ညီထွေစွာ နေတတ်ကြပြီး ပြောင်းလဲမှုများကိုလည်း ကျင့်သားရနေကြကာ တစ်ဦးချင်းဖြစ်စေ အဖွဲ့နှင့် ဖြစ်စေ ပူးပေါင်းလုပ်ဆောင်နိုင်ကြသူများဖြစ်လာစေရန်ရည်မှန်းပါသည်။

 

ကျောင်းစာကြည့်တိုက်များနှင့်ကန့်သတ်မှုမူဘောင်များ

ကျောင်းစာကြည့်တိုက်များသည် ဗဟုသုတမျှဝေရာတွင် ဒေသတွင်းနို င်ငံအတွင်းရှိ အာဏာပိုင်များ၏ သတ်မှတ်ထားသည့် မူဘောင်အတွင်းတွင်တည်ရှိပြီး လိုအပ်သောအခွင့်အရေးပံ့ပိုးပေးမှု၊ သင်ကြားမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ညီမျှစွာလုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ ဤကဲ့သို့ပညာရေးနှင့် ယဉ်ကျေး မှု ပတ်ဝန်းကျင်များကို ရေရှည်တည်တံ့စွာထိန်းသိန်းနိုင်ရေးအတွက် ကျောင်းစာကြည့်တိုက်များ အတွက် အကျိုးပြုသောရံပုံငွေဆိုင်ရာဥပဒေတစ်ရပ်ချမှတ်ပြီးဝိုင်းဝန်းပံ့ပိုးကူညီရန်လိုအပ်ပါသည်။

ကျောင်းစာကြည့်တိုက်များသည် သင်ကြားရေးနယ်ပယ်အတွင်းရှိ ကျောင်းသားများနှင့် အခြား စာကြည့်တိုက် အဖွဲ့ဝင်များ၏ အခွင့်အရေးနှင့်တာဝန်များကို စဉ်းစားပေးရမည် ဖြစ်ပါသည်။ လုပ်အားပေးများအပါအဝင် ကျောင်းစာကြည့်တိုက်များ၌ အလုပ်လုပ်သူတိုင်းသည် စာကြည့်တိုက် အသုံးပြုသူများနှင့် ဆက်ဆံရာတွင် လူမှု ရေးဆိုင်ရာကျင့်ဝတ်စံနှုန်းများကို အမြင့်မားဆုံးအလေးထား လိုက်နာကြရန်တာဝန်ရှိကြပါသည်။ စာကြည့် တိုက်ဝန်ထမ်းများသည် မိမိကိုယ်တိုင်အဆင်ပြေ သက်သာမှုထက် စာကြည့်တိုက်အသုံးပြုသူများ၏ အခွင့်အရေးများကိုဖြည့်ဆည်းပေးရန် ကြိုးစား အားထုတ်ကြရမည်ဖြစ်ပြီး စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် ဘက်လိုက်မှုများ ရှောင် ကြဉ်ရန် အထူးလိုအပ်ပါသည်။ စာကြည့်တိုက်ဝန်ထမ်းများသည် ကလေးများ၊ လူငယ် များ၊လူကြီးများ အားလုံးကို တန်းတူညီမျှဆက်ဆံရမည်ဖြစ်ပြီး တဦးချင်းစီ၏လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့် ဆည်းပေးရန် တာဝန်ရှိပါသည်။

 

ကျောင်းစာကြည့်တိုက်ဝန်ထမ်းများခန့်ထားခြင်း

ကျောင်း၏သင်ကြားခြင်းနှင့်သင်ယူလေ့လာခြင်းတို့ကို အလေးထားပံ့ပိုးရန် ကျောင်းစာကြည့်တိုက် များကို ထားရှိဖွင့်လှစ်ကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းစာကြည့်တိုက်များ၏ဝန်ဆောင်မှုများ နှင့် လှုပ်ရှားဆောင်ရွက်မှုများသည် ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ၏ လမ်းညွှန်ချက်များနှင့် အညီ ဖြစ်သင့်ပါသည်။ ထို့ပြင် ကျောင်း၏ခေါင်းဆောင်မှုအခန်းကဏ္ဍ၊ အုပ်ချုပ်ရေးနှင့် သင်ကြား ရေးပိုင်းကဏ္ဍများတွင်လည်း စာကြည့် တိုက်မှုးများက တတပ်တအား ပါဝင်ဆောင်ရွက်သင့်ပါသည်။ စာကြည့်တိုက်မှုးက အထောက်အကူပြု ဝန်ထမ်းများကို ကျောင်း၏လမ်းညွှန်ချက်များ၊ စီမံအုပ်ချုပ်မှု ပိုင်းနှင့် ခေါင်းဆောင်မှုကဏ္ဍများတွင် အချိန်ပြည့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ကောင်းစွာ သင်တန်းပို့ချ လေ့ကျင့်ပေးထားရမည် ဖြစ်ပါသည်။ သို့မှသာ အထောက်အကူပြုဝန်ထမ်းများက စာကြည့်တိုက်ဝန်ဆောင်မှုများကို အဆင်ပြေစွာကူညီပံ့ပိုး ပေးနိုင်ကြမည် ဖြစ်ပါသည်။ ကျောင်း၏ ပြဋ္ဌာန်းချက်၊ ရံပုံငွေအင်အား၊ ပညာရေးအခြေခံများအရ စာကြည့်တိုက် ဝန်ထမ်းဖွဲ့ စည်းပုံကို လိုက်လျောညီထွေစွာထားရှိတတ်ရန်လည်းလိုအပ်ပါသည်။ သို့သော် နှစ်ပေါင်း၅၀ကျော် အပြည်ပြည် ဆိုင်ရာသုတေသနများက ညွှန်ပြသည်မှာ ကျောင်းစာကြည့်တိုက်မှုးများသည် ယေဘုယျအားဖြင့် အခြေခံစာ ကြည့်တိုက်ပညာနှင့်အတန်းပညာရှိရန် လိုအပ်ပါသည်။ အဆင့်မြင့်ပညာရှင်တစ်ယောက် အနေဖြင့်မူ ပို၍ ရှုပ်ထွေးသော ညွှန်ကြားချက်များ၊ အရေးအဖတ်စွမ်းရည်များ၊ ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုပိုင်း၊ သင်ကြားရေးဝန်ထမ်းများနှင့် ပူးပေါင်းပါဝင်မှု၊ ပညာရေးအသိုင်းအဝိုင်းနှင့် နှီးနှော ဖလှယ်နိုင်မှုစွမ်းရည်တို့ လည်း လိုအပ်ကြောင်းဖော်ပြထားသည်။

 

ကျောင်းစာကြည့်တိုက်အတွက်စာအုပ်စာပေပစ္စည်းစုဆောင်းမှု

ကျောင်းစာကြည့်တိုက်မှူးများသည် ကျောင်းအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ၊ သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများနင့်ပူးပေါင်းပြီး စာကြည့်တိုက်အတွက်စာအုပ်၊ စာကြည့်တိုက်သုံးပစ္စည်းများ ထိန်းသိမ်း၊ ဝယ်ယူစုဆောင်းရေးဆိုင်ရာမူဝါဒများ ချမှတ်ထားကြရပါမည်။ ထိုမူဝါဒများသည် ကျောင်းစာသင်ရိုးညွှန်းတမ်းများကိုအခြေခံပြီး ကျောင်းပတ်ဝန်းကျင်မှလိုအပ်ချက်၊ ကျောင်းသား များ၏ စိတ်ဝင်စားမှုများနှင့် ကိုက်ညီရန်လိုအပ်ပြီး ကျောင်းပတ်ဝန်းကျင်လူမှုဘဝ အသိုင်းအဝိုင်း ကိုလည်း ရောင်ပြန်ဟပ်နိုင်သော စုဆောင်းမှုမျိုးဖြစ်သင့်ပါသည်။ ကျောင်းစာကြည့်တိုက်အတွက် စုဆောင်းမှုများသည် ကျောင်းသားများလိုအပ်သော ဘာသာရပ်ဆိုင်ရာတန်ဖိုးရှိလှသည့် ဗဟုသုတ များဖြစ်သင့်ပြီး လိုအပ်လျှင်ပြည်တွင်းမှသာမက ပြည်ပကပါဝယ်ယူစုဆောင်းသင့်ပါသည်။ ထို့ပြင် ကျောင်းပတ်ဝန်းကျင်နှင့်နီးစပ်ပတ်သက်သည့် အမျိုးသားရေး၊ လူမျိုးစု၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးစံများ၊ ဘာသာစကားနှင့် တခြားလူဦးရေဆိုင်ရာ ဖော်ပြချက်များပါဝင်မှုကို အလေးထားသည့် စုဆောင်းမှု ဖြစ်သင့်ပါသည်။

 

ကျောင်းစာကြည့်တိုက်များ၏လမ်းညွှန်ချက်အစီအစဉ်များ

ကျောင်းစာကြည့်တိုက်မှုးများသည် မိမိတို့ကျောင်း၏ အဓိကသင်ကြားရေးနှင့်ဆိုင်သော လှုပ်ရှားမှုများ ဖြစ်သည့် -

  • အရေးအဖတ်စွမ်းရည်အတွက်စည်းရုံးလှုပ်ရှားမှု
  • မီဒီယာနှင့်သတင်းပြန်ကြားမှု(ဥပမာသတင်းဖြန့်ဝေခြင်း၊သတင်းအချက်အလက်ဆိုင်ရာပွဲများကျင်းပခြင်း)
  • လေ့လာစုံစမ်းမေးမြန်းမှုကိုအခြေခံသောသင်ကြားမှုပုံစံဖြစ်ခြင်း
  • နည်းပညာချင်းပေါင်းစပ်လေ့လာမှုပါဝင်ခြင်း
  • ဆရာများအတွက်စွမ်းရည်မြှင့်သင်တန်းများ
  • စာပေနှင့်ယဉ်ကျေးမှုကိုတန်ဖိုးထားအသိအမှတ်ပြုခြင်းစသည့်အချက်များကိုအာရုံထားသင့်ပါသည်။

ကျောင်းသားများအား မီဒီယာနှင့်သုတပညာသင်ကြားရာတွင် စနစ်ကျသော မူဘောင်သတ်မှတ်ရေးနှင့် ကျောင်းသားဆရာပူးပေါင်း၍ ကျောင်းသား၏ကျွမ်းကျင်မှုကို တိုးမြှင့်ပံ့ပိုးပေးမှုသည် အရေးကြီးကြောင်း စာကြည့်တိုက်မှုးက သိရှိရမည်ဖြစ်ပါသည်။

 

ကျောင်းစာကြည့်တိုက်များ၏တန်ဖိုး

စာကြည့်တိုက်များကိုအကဲဖြတ်ခြင်းသည် စဉ်ဆက်မပြတ်တိုးတက်မှုဖြစ်စဉ်အတွက် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြ