www.myanmarlibraryassociation.org © 2021

Welcome to Myanmar Library Association

Digital Literacy Training (ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်း)

December 21, 2020 | Admin | 0

Digital Literacy Training (ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်း

Go Digital ASEAN စီမံကိန်း၏ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းသည် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့်

စီးပွားရေးအခွင့်အလမ်းသစ်များကိုဖန်တီးပေးမည့်သင်တန်းတစ်ခုဖြစ်ပါသည်။

စီမံကိန်းသည် ASEAN (၁၀) နိုင်ငံဖြစ်သည့်ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နာမ် တို့မှ စွန့်ဦးတည်ထွင်သူများ၊ အလုပ်မရရှိသေးသည့် လူငယ်များနှင့် အမျိူးသမီးများအပါအဝင် ကျေးလက်ဒေသနှင့်အခွင့်အရေးနည်းပါးသည့်ရပ်ရွာများမှ လူဦးရေ နှစ်သိန်း ကိုသင်တန်းပေးသွားမည်ဖြစ်ပါသည်။ ယခုအစီအစဉ်ကိုGoogle ကုမ္ပဏီ ၏ပရဟိတဌာနခွဲဖြစ်သော Google.org ၏ပံ့ပိုးမှုဖြင့်အာရှဖောင်ဒေးရှင်းမှမိမိ၏ဒေသတွင်းရှိ ကွန်ယက်များနှင့်ပူးပေါင်း၍အလိုအပ်ဆုံးသူများကိုဒစ်ဂျစ်တယ်စွမ်းရည်သင်တန်းများကိုတိုက်ရိုက်ပေးသွားမည်ဖြစ်ပါသည်။

အာရှဖောင်ဒေးရှင်း ၏မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA)အနေနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင် မှုသင်တန်းကို အလုပ်အကိုင်ရှာဖွေသူလူငယ် ၂၀၀၀ ကို တာဝန်ယူသင်ကြားပေးမည်ဖြစ်ပါသည်။

လျှောက်ထားနိုင်သူများ - ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် တို့မှ အလုပ်အကိုင်ရှာဖွေနေသော လူငယ်များ (အသက် ၁၈ -၂၅ နှစ်)

သင်တန်း (၃) ရက် ကိုပြီးဆုံးသည့်အထိတက်ရောက်နိုင်သူ

လျှောက်လွှာပိတ်ရက် - မတ်လ( ၃၀) ရက် ၂၀၂၁ ခုနှစ် 

လက်ခံမည့်သင်တန်းသားဦးရေ- သင်တန်းတစ်ခုလျှင် ၅၀ - ၆၀

သင်တန်းတစ်ခုစီသတ်မှတ်ကာလ- (၃) ရက်ကြာသင်တန်း

(အပတ်စဉ်ဗုဒ္ဓဟူးနေ့မှသောကြာနေ့အထိ)

သင်တန်းချိန် - နေ့စဉ်နေ့လည် ၁:၀၀ မှ ၄:၃၀ ထိ

Online platform: Zoom

သင်တန်းလျှောက်လွှာ link - Link to Application Form

https://docs.google.com/.../1Agr--AtF.../viewform...

ဆက်သွယ်ရန် - ကိုစိုင်းဘုန်းမြတ် (09254803770)saibhonemyat75@gmail.com

- ကိုဝင်းဇော်လတ် (09450627226)winzawlatt394@gmail.com


Myanmar Library Association © 2021